ထွန်းနေဝန်းသစ္စာ စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးဌာန သတင်းလွှာ
နိဒါန်း
ထွန်းနေဝန်းသစ္စာကုမ္ပဏီ၏ Capacity Development Center စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးဌာနကို ၂၀၁၅ ခု နှစ်ဦးပိုင်းတွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ဤဌာနအနေနှင့် နှစ်နှစ်တာကာလအတွင်း ထွန်းနေဝန်းသစ္စာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး၊ ဖွံ့ဖြိုးရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်ချက်များ
Capacity Development Center စွမ်းဆောင်ရည်ဖွံ့ ဖြိုးရေးဌာနအနေနှင့်
(က) စီမံခန့်ခွဲမှုစွမ်းရည် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Organization Development Training) များကို အကြောင်းအရာ ခေါင်းစဉ် (၁၀) မျိုးဖြင့် သင်တန်းစုစုပေါင်း (၂၆) ကြိမ်၊ သင်တန်းပို့ချရက်ပေါင်း (၅၃) ရက်အတွင်း သင်တန်းတက်ရောက်သူ (၁၇၇) ဦး မွေးထုတ်နိုင်ခဲ့ပါသည်။
(ခ) စက်မှုအတတ်ပညာစွမ်းရည် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Technical Development Training) များကို အကြောင်းအရာ ခေါင်းစဉ် (၅) မျိုးဖြင့် သင်တန်းစုစုပေါင်း (၁၅) ကြိမ်၊ သင်တန်းပို့ချရက်ပေါင်း (၁၃၁) ရက်အတွင်း သင်တန်းတက်ရောက်သူ (၁၆၃) ဦး မွေးထုတ်နိုင်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်ချက်များ
Capacity Development Center စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးဌာနအနေနှင့်
(က) စီမံခန့်ခွဲမှုစွမ်းရည် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Organization Development Training) များကို အကြောင်းအရာ ခေါင်းစဉ် (၁၀) မျိုးဖြင့် သင်တန်းစုစုပေါင်း (၃၂) ကြိမ်၊ သင်တန်းပို့ချရက်ပေါင်း (၆၁) ရက်အတွင်း သင်တန်းတက်ရောက်သူ (၁၉၆) ဦး မွေးထုတ်နိုင်ခဲ့ပါသည်။
(ခ) စက်မှုအတတ်ပညာစွမ်းရည် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Technical Development Training) များကို အကြောင်းအရာ ခေါင်းစဉ် (၁၀) မျိုးဖြင့် သင်တန်းစုစုပေါင်း (၂၀) ကြိမ်၊ သင်တန်းပို့ချရက်ပေါင်း (၁၉၃) ရက်အတွင်း သင်တန်းတက်ရောက်သူ (၁၆၀) ဦး မွေးထုတ်နိုင်ခဲ့ပါသည်။
၂၀၁၇ ခုနှစ် သင်တန်းအစီအစဉ်များ
Capacity Development Center အနေဖြင့် လာမည့် ၂၀၁၇ ခုနှစ်နှင့် အနာဂတ်နှစ်များအတွင်း ထွန်းနေဝန်းသစ္စာဝန်ထမ်းများအား ကျွမ်းကျင်မှုပြည့်ဝပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်၍ အကောင်းမြင် စိတ်ကူးစိတ်သန်း ရရှိစေနိုင်သော သင်တန်းအစီအစဉ်များ၊ လေ့ကျင့်မှုများပြုလုပ်ပေးရန် ရေးဆွဲထားပါသည်။
စီမံခန့်ခွဲမှုစွမ်းရည် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Organization Development Training) များသည် သက်ဆိုင်ရာဌာနအားလုံးအတွက် စီမံခန့်ခွဲမှုစွမ်းရည်ပြည့်ဝရန် လွှမ်းခြုံသက် ဆိုင်သည့် သင်တန်းများဖြစ်ပါသည်။ ဥပမာ- စီမံခန့်ခွဲရေး၊ ရောင်းဝယ်ရေး၊ စာရင်းဌာန၊ စက်မှုကျွမ်းကျင်ဌာန၊ အရောင်း၊ အရံသင့် ဖြည့်တင်းရေး၊ ဝန်ဆောင်မှု စသည့်ဌာနများ အတွက် ဗဟုသုတ၊ စွမ်းဆောင်ရည်နှင့် Workshop & Seminar များ ပါဝင်ပါသည်။
စက်မှုအတတ်ပညာစွမ်းရည် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Technical Development Training) များတွင် ပို့ချမည့်ဘာသာရပ်များသည် Sales, Parts & Service ဌာနများအတွက် အထူးစီစဉ်ထားပြီး ကျွမ်းကျင်မှုအဆင့်အတန်းအလိုက် သင်ရိုးများကို ရေးဆွဲ အကောင်အထည်ဖော်ထားပါသည်။ ၎င်းအပြင် ထွန်းနေဝန်းသစ္စာကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချလျှက်ရှိ သည့် စက်ယန္တရားများနှင့် အရံသင့်ပစ္စည်းများ၏ သိသင့်သိထိုက်သော အကြောင်းအရာများကို အလေးပေးသင်ကြားပေးမည့် သင်ရိုးများ ဖြစ်ပါသည်။
၂၀၁၇ နှစ်သစ်သည် ထွန်းနေဝန်းသစ္စာကုမ္ပဏီ၏ ဝန်ထမ်းများအားလုံး စွမ်းဆောင်ရည်ပိုမိုမြင့်မားသည့် နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။