Htun Nay Wun Thitsar Co.,Ltd အနေဖြင့် ငလျင်ဘေးသင့်သည့်ဒေသများရှိ ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရန် လိုအပ်သည့်စက်ယန္တရားများကို ပေးပို့ကူညီပေးလျက်ရှိပါတယ်...
ယခုဆို Htun Nay Wun Thitsar Co.,Ltd မှ ပေးပို့ကူညီပေးလျက်ရှိတဲ့စက်ယန္တရားများဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသလို လုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အရာများကိုလည်း တတ်အားသ၍ ဆက်လက်ပါဝင်ကူညီပေးသွားဦးမှာဖြစ်ပါတယ်...
ငလျင်ဘေးသင့်ပြည်သူများ ကြုံတွေ့နေရတဲ့အခက်အခဲများမှ အမြန်ဆုံးကင်းဝေးကြ၍ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...